Reservation System for attending Stage activities of Thai Festival 2025 in Yangon and T-Pop Star Challenge, Myanmar Season 2

Fullbook 21

Fullbook 22

  • “Thai Festival 2025 in Yangon” နှင့် “T-Pop Star Challenge, Myanmar Season 2” ပွဲအခမ်းအနားများ တက်ရောက်ရန် ဝင်ခွင့်လက်မှတ်ကို အခမဲ့ဖြင့်စာရင်းပေးသွင်းရမယ့် နည်းလမ်းများနှင့် ထိုင်ခုံလက်မှတ်ထုတ်ယူနိုင်ဖို့အတွက် ပွဲတော်ကြီး နှစ်ခုလုံးကို အမှန်တကယ်လာရောက်ပါဝင်ကြမယ့် သူများအတွက် ဆောင်ရန် ရှောင်ရန်များ။

    ပွဲကျင်းပမည့်အချိန်;
    - ၂၁ ဇွန်၊ ၂၀၂၅၊ စနေနေ့ ပွဲချိန် နံနက် ၁၀း၀၀ မှ ညနေ ၆း၂၀ မိနစ် အတွက်
    ( ကြိုတင်စာရင်းသွင်းစနစ်အား ဇွန်လ ၁ ရက်၊ တနင်္ဂနွေနေ့၊ ၁၀း၀၀ နာရီ (မြန်မာစံတော်ချိန်) မှ စတင်ဖွင့်လှစ်သွားပါမည်)
    - ၂၂ ဇွန်၊ ၂၀၂၅၊ တနင်္ဂနွေပွဲချိန် နံနက် ၁၀း၀၀ မှ ညနေ ၆း၂၀ မိနစ် အတွက်
    ( ကြိုတင်စာရင်းသွင်းစနစ်အား ဇွန်လ ၁ ရက်၊ တနင်္ဂနွေနေ့၊ ၁၀း၃၀ နာရီ (မြန်မာစံတော်ချိန်) မှ စတင်ဖွင့်လှစ်သွားပါမည်)
    ပွဲကျင်းပမည့်နေရာ - Yangon Ballroom, 1st floor, Novotel Yangon Max

    တစ်ရက်တွင် လက်မှတ်အစောင်ရေ ၁,၀၀၀ သာဖြစ်သည်။

    ပွဲအခမ်းအနားအစီအစဉ်

    *** ကြိုတင်စာရင်း‌ပေးသွင်းခြင်းမပြုမီ သေချာဖတ်ရှုပါရန်။ ***

    ၁။ ပွဲအခမ်းအနားတစ်ရက်စီအတွက် တစ်ဉီးလျှင် လက်မှတ် (၁) စောင်သာ စာရင်းတင်သွင်းခွင့်ရှိသည်။ လူတစ်ဦးချင်းစီ စာရင်းသွင်းရာတွင် အီးမေးလ်အကောင့် တစ်ခုသာ အသုံးပြုရမည်ဖြစ်ပြီး၊ အီးမေးလ်အကောင့်တစ်ခုလျှင် တစ်ရက်တည်း၌ တစ်ကြိမ်သာ မှတ်ပုံတင်ခွင့်ရှိသည်။ ဝင်ခွင့်လက်မှတ်များမှာ (လုံးဝ)အခမဲ့ဖြစ်ပြီး ဝင်ခွင့်လက်မှတ်ရှိသူများသာ နေ့စဉ် နံနက် ၁၀း၀၀ မှ ညနေ ၆း၂၀ အထိ “Thai Festival 2025 in Yangon” နှင့် “T-Pop Star Challenge, Myanmar Season 2” အစီအစဉ်များကို ဝင်ရောက်ကြည့်ရူနိုင်မည်ဖြစ်သည်။

    ၂။ ပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့မှ အတူတူတက်ရောက်မည့် ပရိတ်သတ်များ၊ အနုပညာရှင်များနှင့် အခြားဖျော်ဖြေရေးပါဝင်သူများ၏ လုံခြုံမှုနှင့် သင့်တော်သော ပတ်ဝန်းကျင် ဖြစ်စေရေးအတွက် ပွဲအခမ်းအနားတက်ရောက်သူတိုင်း အသက် ၁၅ နှစ်နှင့် အထက်( ၂၀၁၀ နှင့်အစောပိုင်းမွေးသည့်သူများ )ဖြစ်ရမည်။

    ၃။ စာရင်းပေးသွင်းသည့်အခါ ပြင်ဆင်ထားရမည့် အချက်များ
    ၃.၁ မြန်မာနိုင်ငံသားများအတွက် မိမိ၏ နိုင်ငံသားမှတ်ပုံတင်ကတ်(Smart Card အပါအဝင်) သို့မဟုတ် ကျောင်းကတ်၊ နိုင်ငံခြားသားများအတွက် မိမိ၏နိုင်ငံကူးလက်မှတ်၊ အီးမေးလ်နှင့် အပေါ် အခြေအနေများတွင် ဆက်သွယ်နိုင်သော ဖုန်းနံပါတ်တို့ကို မှန်ကန်စွာဖြည့်စွက်ရန်လိုအပ်ပါသည်။
    ၃.၂ အနည်းဆုံး အောက်ပါ ဆိုရှယ်မီဒီယာ ၃ ခုကို FOLLOW လုပ်ထားရမည်။ (နောက်ထပ် သိသင့်တာများအား တင်ပေးသွားမည့် တရားဝင် Channel များ။)
    ၃.၃ အရေးပေါ်အခြေအနေတွင် ဆက်သွယ်နိုင်သော ပုဂ္ဂိုလ်၏ အမည် နှင့် ဖုန်းနံပါတ်။

    န်းနံပါတ်တစ်ခု ( အရေးပေါ်အခြေအနေများအတွက် ဆက်သွယ်နိုင်ရမည် ဖုန်းနံပါတ်ဖြစ်ရပါမည်) ပြင်ဆင်ထားရန်။ ဖုန်းနံပါတ်နဲ့ အီးမေးလ် မစစ်မှန်ကြောင်းဖော်ထုတ်‌ တွေ့ရှိပါက ပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့မှ ရုပ်သိမ်းခွင့်ရှိသည်။
    ၃.၂ အနည်းဆုံး အောက်ပါ ဆိုရှယ်မီဒီယာ စာမျက်နှာ ၃ ခုကို FOLLOW လုပ်ထားရမည်။ (နောက်ထပ် သိသင့်တာများအား တင်ပေးသွားမည့် တရားဝင် Channel များ။)

    - Facebook: Thai Festival in Myanmar
    - Facebook: T-Pop Star Challenge, Myanmar
    - YouTube: Royal Thai Embassy, Yangon
    - YouTube: T-Pop Star Challenge, Myanmar
    - Instagram: @thailandinmyanmar

    ၄။ ကြိုတင်စာရင်းသွင်းပြီးတဲ့နောက် Reservation ID ကိုလက်ခံရရှိခြင်းဖြင့် ကိုယ်စာရင်းသွင်းထားသောပွဲအခမ်းအနားနေ့ရက်အတွက် နံနက် ၁၀း၀၀ မှ ညနေ ၆း၂၀ အထိ စတိတ်စင်ရှိအခမ်းအနားတက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ စာရင်းသွင်းထားသည့်လက်မှတ်များကိုအခြားသူများထံ လွှဲပြောင်း၍မရပါ။ ပွဲအခမ်းအနားနေ့တွင် စာရင်းဖြည့်ထားသည့် အချက်အလက်များထပ်မံစစ်ဆေးမည်ဖြစ်သောကြောင့် စာရင်းမသွင်းမှီ မှန်ကန်သောအချက်အလက်များကိုသာဖြည့်သွင်းရန် အထူးသတိပြုပါ။

    ၅။ ကြိုတင်စာရင်းတင်သွင်းခြင်း ပြီးဆုံးသည်နှင့် Reservation ID ပါသော မှတ်တမ်းစာမျက်နှာ ပေါ်လာပါမည်။ ထိုစာမျက်နှာကို Screenshot ပြုလုပ်ထားရမည်။ ကြိုတင်စာရင်းသွင်းအောင်မြင်ကြောင်း အတည်ပြုစာလည်း သင့်အီးမေးလ်စီဝင်လာပါမည်။

    ** ၆။ ထိုင်ခုံလက်မှတ်ရယူရန်အတွက် ကြိုတင်စာရင်းတင်သွင်းထားသော ပွဲအခမ်းအနားနေ့ရက်တွင် အောက်ပါအချက်များအတိုင်း လုပ်ဆောင်ရမည်။
    ၆.၁ (၁) မူရင်း မြန်မာနိုင်ငံသားမှတ်ပုံတင်ကတ်၊ ကျောင်းသားကတ် (Student Card) သို့မဟုတ် နိုင်ငံခြားသားအတွက် (Passport) မူရင်း၊ ( ၂ )Booking Confirmation အတည်ပြုစာရဲ့ စာမျက်နှာ Screenshot ပုံ သို့မဟုတ် အီးမေးလ်၊ (၃) စာရင်းတင်သွင်းတုန်းက ဖြည့်ထားသော ဖုန်းနံပါတ်နှင့်အတူ သင့်လက်ကိုင်ဖုန်းထဲကဖုန်းနံပါတ် တို့ကိုပြင်ဆင်ထားရန်။
    ၆.၂ Novotel Yangon Max သို့ ရောက်တဲ့အခါ “Enter to event stage” လမ်းကြောင်းအတိုင်းဝင်ပါ။ မိမိ၏သူငယ်ချင်းများနှင့်အတူထိုင်လိုပါက ထိုင်ခုံလက်မှတ်ရယူချိန်တွင် သူတို့နှင့်အတူဝင်ရပါမည်။
    ၆.၃ ထိုင်ခုံလက်မှတ်များကို ပွဲရက်တိုင်း နံနက် ၈း၃၀ မှ နေ့လည် ၁၃း၀၀ နာရီအတွင်းထုတ်ပေးသည်။
    ** ၆.၄ အဆိုပါပွဲရက်စွဲ၏ ၁၃း၀၀ နာရီမတိုင်ခင် လက်မှတ်လာထုတ်ယူခြင်းမရှိပါက စာရင်းသွင်းထားသည်ကိုပယ်ဖျက်၍ ထိုင်ခုံရယူလိုသောအခြားသူများထံပေးအပ်သွားမည်ဖြစ်သည်။
    ၆.၅ ထိုင်ခုံများကိုပွဲစီစဉ်သူမှ တန်းစီသည့်အစဉ်လိုက်အတိုင်း သတ်မှတ်ပေးခွင့်ရှိသည်။ ပထမဦးဆုံး လာရောက်သူများအား စင်ရှေ့တန်းထဲတွင် ထိုင်ခုံပေးမည်ဖြစ်ပြီး၊ နောက်မှလာသူများအား နောက်အတန်းများတွင် ထိုင်ခုံသတ်မှတ်ပေးမည်ဖြစ်ပါသည်။
    ၆.၆. ထိုင်ခုံအမှတ်ရရှိပြီးပါက မမိထိုင်ခုံသို့ ၁၃:၀၀ နာရီမတိုင်မီ ပြန်လာရန် အကြံပြုပါသည်။ သို့မှသာ အဓိကဖျော်ဖြေပွဲများကို ပြည့်ပြည့်ဝဝကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။

    **၇။ ပွဲအခမ်းအနားအတွင်းလှုပ်ရှားမှုများကို အမှန်တကယ်လာရောက် တက်ကြွပါဝင်ပြီးပျော်ရွှင်လိုသူများအတွက် ဤ ပွဲတွင်အခမဲ့စီစဥ်ကျင်းပထားခြင်းဖြစ်သည်။ လက်မှတ်ပြန်လည်ရောင်းချသောပွဲစားများ၊ လိမ်လည်အတုအယောင်လုပ်သူများအား ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့မှ အထူးဆန့်ကျင်ပါသည်။ အကယ်၍ တစ်စုံတစ်ဦးထံမှ အခမဲ့ပေးသောလက်မှတ်ကိုငွေကြေးပေးဝယ်ယူခြင်းကိစ္စများဖြစ်ပေါ်ခဲ့ပါကပွဲစီစဉ်သူများမှ တာဝန်ယူမည်မဟုတ်ပါ။

    ၈။ ပရိသတ်များအတွက် သတိပေးချက်
    ပွဲအခမ်းအနားအတွင်း ဝင်ရောက်ခွင့်ရသူများ တားမြစ်ကိရိယာများ နှင့် လုပ်ဆောင်ချက်များ အောက်ပါအတိုင်း သေချာလိုက်နာရပါမည်။
    ၈.၁ Vape/ဆေးလိပ်များ မသောက်ရ။
    ၈.၂ အရက် သို့မဟုတ် တရားမဝင် ပစ္စည်းများမယူဆောင်ရ။
    ၈.၃ ချွန်ထက်သော သို့မဟုတ် ချွန်သောပစ္စည်းများကို ယူဆောင်လာခြင်းမပြုရ။
    ၈.၄ လေဆာ Pen ကို မယူဆောင်လာရ။
    ၈.၅ ဒရုန်းများ ယူဆောင်လာခြင်း မပြုရ။
    ၈.၆ ပြင်ပအစားအစာ သို့မဟုတ် အဖျော်ယမကာများ (ဆေးဘက်ဆိုင်ရာ မလိုအပ်ပါက) မယူဆောင်လာရ။
    ၈.၇ A4 စာရွယ်ထက်ကြီးသော ကတ်/စာရွက်များမယူဆောင်ရ ( အခြားပွဲ့ကြည့်သူများအမြင်ကိုပိတ်ဆို့စေနိုင်တာကြောင့်) ။
    ၈.၈ Flashlights ယူဆောင်လာခြင်း မပြုပါနှင့်။
    ၈.၉ ခုံများ၊ ခြံစည်းရိုးများ သို့မဟုတ် တားဆီးကာရံများပေါ် မတက်နှင်းပါနှင့်။
    ၈.၁၀ စင်မြင့်ပေါ် သို့မဟုတ် အခြားပရိသတ်အဖွဲ့ဝင်များဆီသို့ အရာဝတ္ထုများကို လွင့်ပစ်ခြင်းမပြုရ။
    ၈.၁၁ မိမိ ဆိုရှယ်မီဒီယာပေါ်မှာ Live လွှင့်ခြင်း မပြုလုပ်ရ။
    ၈.၁၂ တွန်းခြင်း၊ အော်ဟစ်ခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်စေသော အမူအရာများ မပြုလုပ်ရပါ။
    ၈.၁၃ စင်မြင့်ပေါ်ရှိ အနုပညာရှင်များနှင့် သီချင်းဆိုပြိုင်ပွဲဝင်များ၏ အာရုံစူးစိုက်မှုကို အနှောင့်အယှက်မဖြစ်စေရန် အလွန်အကျွံ မအော်ဟစ်ပါနှင့်။
    ၈.၁၄ ဝန်ထမ်းများ သို့မဟုတ် လုံခြုံရေးဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လျစ်လျူမရှုပါနှင့်။

  • Reservation System to get Entry Ticket for attending Stage activities of “Thai Festival 2025 in Yangon” including “T-Pop Star Challenge, Myanmar Season 2”

    Stage events time:
    - Saturday, 21 June 2025, 10.00 - 18.20 hrs
    (The system will be opened for reservation from Sunday, 1 June 2025, 10.00 hrs (Myanmar time))

    - Sunday, 22 June 2025, 10.00 - 18.20 hrs
    (The system will be opened for reservation from Sunday, 1 June 2025, 10.30 hrs (Myanmar time))

    Stage venue: Yangon Ballroom, 1st floor, Novotel Yangon Max

    Number of tickets: 1,000 per day

    Stage Activities Schedule

    *** Please carefully read all details before making the reservation!

    1. Each individual can make reservation only 1 entry ticket on each event date. Each person is required to use 1 email address for registration. Each email address is limited to 1 registration per day. The entry ticket is free of charge. If you have entry ticket, you can participate in stage events of Thai Festival 2025 in Yangon including T-Pop Star Challenge, Myanmar Season 2 starting from 10.00 - 18.20 hrs of each date.

    2. In accordance with regulations set by the event organizers to maintain a safe and suitable environment for all attendees, including both audience members and performers, only individuals aged 15 and above (those who was born in 2010 or earlier) are permitted to reserve and attend stage events.

    3. Before making the reservation, you have to prepare:
    3.1  Myanmar national ID Card (including Smart Card) or Student ID Card (for Myanmar national) or Passport (for non-Myanmar), email, and telephone number that can be actually usable to contact for emergency case. In case that the organizer finds out that telephone number and email is fake, the organizer reserve rights to cancel your reservation.
    3.2 You have follow at least 3 of the following social media: channels which will be the official channel for further communication
    - Facebook: Thai Festival in Myanmar
    - Facebook: T-Pop Star Challenge, Myanmar
    - YouTube: Royal Thai Embassy, Yangon
    - YouTube: T-Pop Star Challenge, Myanmar
    - Instagram: @thailandinmyanmar
    3.3 Information (name and telephone number) of the person that can be contacted in case of emergency.

    ** 4. Once the reservation is made by receiving Reservation ID, it means that you will have the rights to attend the stage activities from 10.00 – 18.20 hrs on the date that you made reservation for. However, your reservation cannot be transferred to other people as there will be the information checking on the event dates. So you should ensure that you can really attend the event, and you fill in the correct information before submitting the reservation form.

    5. After the reservation is completed, the booking confirmation page will appear with the Reservation ID. You have to screenshot the booking confirmation page. The booking confirmation will also be sent to your email.

    ** 6. On each event date you made the reservation for, in order to get for the seating ticket, please do as follows:
    6.1 Prepare (1) your actual (not copy of) Myanmar National ID Card or Student Card (for Myanmar national) or Passport (for non-Myanmar national) (2) booking confirmation page that you took screenshot or in your email box, and (3) your telephone with the telephone number that you filled in when making reservation
    6.2 After arriving Novotel Yangon Max, enter to the “Enter to event stage” lane. If you would like to get the seating ticket near your partners, you have to enter into the lane together with them.
    6.3 The distribution of the seating tickets will start from 8.30 - 13.00 hrs of each event date.
    ** 6.4 If you do not come to receive your seating ticket before 13.00 hrs of that event date, the organizer reserves rights to cancel your reservation and will allocate that seating ticket to other people.
    6.5 The event organizer reserves the right to assign seats based on the order of the queue on the event day. Attendees who arrive earlier will be given seats closer to the stage.
    6.6 Once you get the seating ticket, you are recommended to come back to your seat in the hall by 13.00 hrs to enjoy the key stage events.

    ** 7. Our stage activities are organized for the people who really intend to come and enjoy with free of charge. The organizer condemns the acts of reseller broker and scammer. The organizer is not involved and will not take any responsibility if you happen to buy ticket from someone.

    Prohibited Items & Actions
    8.1 No smoking or vaping inside the venue.
    8.2 No alcohol or illegal substances allowed.
    8.3 Sharp or pointed objects are not allowed.
    8.4 Laser pens are prohibited.
    8.5 Drones are not permitted.
    8.6 No outside food or beverages (unless medically necessary).
    8.7 Do not bring signs or cards larger than A4 size that may obstruct others' views.
    8.8 Do not bring flashlights.
    Behavioural Guidelines
    8.9 No standing on chairs, railings, or barriers.
    8.10 No throwing objects toward the stage or other audience members.
    8.11 No live streaming of the stage events in your own social media.
    8.12 No pushing, shouting, or disruptive behavior.
    8.13 Do not scream excessively to disturb the focus and concentration of the artists and contestants on stage.
    8.14 Do not ignore the instructions of staff or security personnel.

© 2025 Royal Thai Embassy, Yangon, Myanmar. All rights reserved.